အသုံးပြုမှုဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များ
ဤအသုံးပြုမှုဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များ (ယင်းနောက်တွင် “ဤစည်းကမ်းချက်များ” ဟု ခေါ်ဆိုမည်) သည် Nihongonomori Hattori Co., Ltd. (ယင်းနောက်တွင် “Nihongonomori Hattori” ဟု ခေါ်ဆိုမည်) မှ အင်တာနက်ပေါ်တွင် ပေးအပ်သော အွန်လိုင်းသင်တန်း (ယင်းနောက်တွင် “Official Website” ဟု ခေါ်ဆိုမည်) ၏ အသုံးပြုမှုဆိုင်ရာ အခြေအနေများကို သတ်မှတ်ခြင်းဖြစ်သည်။
Official Website ၏ ဝန်ဆောင်မှု (ယင်းနောက်တွင် “ဤဝန်ဆောင်မှု” ဟု ခေါ်ဆိုမည်) ကို အသုံးပြုသော မှတ်ပုံတင်ထားသူများ (ယင်းနောက်တွင် “အသုံးပြုသူ” ဟု ခေါ်ဆိုမည်) သည် ဤစည်းကမ်းချက်များအတိုင်း ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါသည်။ အသုံးပြုသူသည် “အခန်း (၂) အသုံးပြုသူအဖြစ် မှတ်ပုံတင်ခြင်း” အတိုင်း မှတ်ပုံတင်လိုက်သည်နှင့် ဤစည်းကမ်းချက်များကို သဘောတူညီပြီးဖြစ်သည်ဟု မှတ်ယူပါမည်။
၁။ အကျုံးဝင်မှု
အပိုဒ် (၁) (အကျုံးဝင်သည့် နယ်ပယ်) ဤစည်းကမ်းချက်များသည်Nihongonomori Hattori ၏ ဝန်ဆောင်မှုများကိုလစဉ် သို့မဟုတ် နှစ်စဉ် ပေးSubscription လုပ်ထားခြင်းရှိရှိ မရှိမဲ့မဆိုဤစည်းကမ်းချက်များသည် Nihongonomori Hattori နှင့် အသုံးပြုသူအားလုံးကြားရှိ ဝန်ဆောင်မှုအသုံးပြုမှုဆိုင်ရာ ဆက်ဆံရေးအားလုံးတွင် အကျုံးဝင်စေရမည်။
အပိုဒ် (၂) (သီးခြားသတ်မှတ်ချက်များ) Nihongonomori Hattori သည် ဤစည်းကမ်းချက်များအပြင် အသုံးပြုရာတွင်လိုက်နာရမည့် အခြားစည်းမျဉ်းများ၊ လမ်းညွှန်ချက်များ စသည့် အထူးသတ်မှတ်ချက်များ (ယင်းနောက်တွင် “သီးခြားသတ်မှတ်ချက်များ” ဟု ခေါ်ဆိုမည်) ကို ထုတ်ပြန်နိုင်သည်။ အဆိုပါ အထူးသတ်မှတ်ချက်များသည်လည်း ဤစည်းကမ်းချက်များ၏ အစိတ်ပိုင်းတစ်ခု ဖြစ်သည်။
အပိုဒ်(၃) (ဤစည်းကမ်းချက်များနှင့် သီးခြားသတ်မှတ်ချက်များအကြား ဆက်စပ်မှု)
ဤစည်းကမ်းချက်များနှင့် သီးခြားသတ်မှတ်ချက်များတွင် သဘောတူညီချက်များမကိုက်ညီပါက
သီးခြားသတ်မှတ်ချက်တွင် ပါဝင်သည့် စည်းမျဉ်းများကို ဦးစားပေးအသုံးပြုမည်။
၂။ အသုံးပြုသူအဖြစ် မှတ်ပုံတင်ခြင်း
အပိုဒ်(၁) (အသုံးပြုသူအဖြစ် မှတ်ပုံတင်ခြင်း) ဝန်ဆောင်မှုတွင် စာရင်းသွင်းလိုသည့် အသုံးပြုသူသည်
ဤစည်းကမ်းချက်များကိုသဘောတူညီပြီးနောက် Nihongonomori Hattori သတ်မှတ်ထားသည့် မှတ်ပုံတင်ခြင်းစာမျက်နှာတွင်အီးမေးလ်လိပ်စာနှင့် အခြားလိုအပ်သည့် အချက်အလက်များကို ဖြည့်သွင်းခြင်းဖြင့် အသုံးပြုရန်စာရင်းသွင်းမှုပြီးမြောက်မည်ဖြစ်သည်။
အသုံးပြုသူသည်မှတ်ပုံတင်သည့်အချိန်တွင် ဤစည်းကမ်းချက်များကို သဘောတူပြီးဖြစ်သည်ဟု မှတ်ယူပါမည်။
ထို့အပြင် အသုံးပြုသူသည် စာရင်းသွင်းရာတွင် Nihongonomori Hattori ထံ ပေးသည့် ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များကိုNihongonomori Hattori သတ်မှတ်ထားသည့် 「ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ မူဝါဒ」အတိုင်း သင့်တင့်စွာ စီမံခန့်ခွဲမည် ဖြစ်သည်။
၃။ အခပေးဝန်ဆောင်မှုများကို အသုံးပြုခြင်း
အပိုဒ် (၁) (အခပေးဝန်ဆောင်မှု) Nihongonomori Hattori သည် အသုံးပြုသူများအတွက်
Official websiteတွင် ဝယ်ယူအသုံးပြုရသော အခပေးဝန်ဆောင်မှုပုံစံ (အောက်တွင် “အခပေးဝန်ဆောင်မှု” ဟု ခေါ်မည်) ကို ပေးအပ်ပါသည်။
အသုံးပြုသူသည် ဝယ်ယူမှုလုပ်ငန်းစဉ်ကို ပြီးစီးသောအချိန်တွင်အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုခွင့်ရရှိပါသည်။
အပိုဒ် (၂) (ဝန်ဆောင်မှုခနှုန်းထားများ)
ဝန်ဆောင်မှုခနှုန်းထားများသည် အောက်ပါအတိုင်း သတ်မှတ်ပါသည်။
၁ နှစ်စာ အစီအစဉ်: 150,000 MMK
၆ လစာ အစီအစဉ်: 80,000 MMK
၃ လစာ အစီအစဉ်: 50,000 MMK (MMK ဆိုသည်မှာ မြန်မာကျပ်ငွေကို ဆိုလိုသည်။)
အသုံးပြုသူသည် အသုံးပြုလိုသည့်ဝန်ဆောင်မှုအစီအစဉ်ကို ရွေးချယ်ကာNihongonomori Hattori သတ်မှတ်သည့် နည်းလမ်းဖြင့် အဆိုပါ ဝန်ဆောင်မှုခနှုန်းထားကို ပေးဆောင်ရမည် ဖြစ်သည်။
အပိုဒ် (၃) (အသုံးပြုချိန်ကာလ)
အသုံးပြုချိန်ကာလသည် အသုံးပြုသူမှ ဝယ်ယူစဉ် ရွေးချယ်ထားသည့် အစီအစဉ်အလိုက် အောက်ပါအတိုင်း သတ်မှတ်ပါသည်။
၁ နှစ်စာ အစီအစဉ်: ဝယ်ယူသည့်နေ့မှ စ၍ ၁ နှစ်
၆ လစာ အစီအစဉ်: ဝယ်ယူသည့်နေ့မှ စ၍ ၆ လ
၃ လစာ အစီအစဉ်: ဝယ်ယူသည့်နေ့မှ စ၍ ၃ လ
အသုံးပြုချိန်ကာလ ပြီးဆုံးပါကအဆိုပါ ဝန်ဆောင်မှု အသုံးပြုခွင့်သည် အဆုံးသတ်မည် ဖြစ်ပြီး
ထပ်မံအသုံးပြုလိုပါက အသုံးပြုသူသည် ဝန်ဆောင်မှုအသစ်ကိုဝယ်ယူရမည် ဖြစ်သည်။
အပိုဒ် (၄)(ဝန်ဆောင်မှုဝယ်ယူနည်း)
ဝန်ဆောင်မှုဝယ်ယူလိုသည့် အသုံးပြုသူသည်Nihongonomori Hattoriက သတ်မှတ်သည့် နည်းလမ်းအတိုင်း ဝယ်ယူမှု လုပ်ငန်းစဉ်ကို ပြီးစီးပြီးဝန်ဆောင်ခပေးဆောင်ခြင်းဖြင့် ဝန်ဆောင်မှုအသုံးပြုခွင့် ကို ရရှိမည် ဖြစ်သည်။
ထို့အပြင်ဝန်ဆောင်မှုဝယ်ယူချိန်တွင် အသုံးပြုသူမှ Nihongonomori Hattori ထံ ပေးသည့် ကကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များကိုNihongonomori Hattori သတ်မှတ်ထားသည့် 「ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ မူဝါဒ」အတိုင်း သင့်တင့်စွာ စီမံခန့်ခွဲမည် ဖြစ်သည်။
အပိုဒ် (၅) (ပယ်ဖျက်ခြင်းနှင့် ငွေပြန်အမ်းခြင်း) အသုံးပြုသူ၏ အကြောင်းပြချက်ဖြင့် ဝယ်ယူပြီးနောက် ပယ်ဖျက်ခြင်း၊ ငွေပြန်အမ်းခြင်းတို့ကို အခြေခံအားဖြင့် လက်ခံမည်မဟုတ်ပါ။
အပိုဒ် (၆) (ငွေပေးချေမှု ပြဿနာကြောင့် ငွေပြန်အမ်းခြင်း) စနစ်ချို့ယွင်းချက်ကြောင့် ငွေနှစ်ခါဖြတ်တောက်ခံရခြင်းမျိုး ဖြစ်ပေါ်ပါကထပ်လွှဲပေးသွင်းထားသည့် အပိုငွေကိုသာ ပြန်အမ်းပေးပါမည်။
သို့သော် ငွေပေးချေမှုကုမ္ပဏီမှ ဖြစ်ပေါ်သည့် ပြဿနာများအတွက်တွင်
အဆိုပါ ငွေပေးချေမှုကုမ္ပဏီဘက်မှ စည်းမျဉ်းအတိုင်းသာဆောင်ရွက်ရမည် ဖြစ်သည်။
အပိုဒ် (၇) (ဝန်ဆောင်မှုအကြောင်းအရာ ပြင်ဆင်ခြင်း)
Nihongonomori Hattori သည် အသုံးပြုသူထံ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ
ဝန်ဆောင်မှုအကြောင်းအရာ၊ ဝန်ဆောင်မှုပေးအပ်နည်း၊ အသုံးပြုမှုစည်းမျဉ်းနှင့် စျေးနှုန်းများကို ပြောင်းလဲနိုင်ပါသည်။သို့သော် ယခင်ဝယ်ယူပြီးသားဝန်ဆောင်မှုအတွက်တွင်မူဝယ်ယူချိန်တွင် Official Website တွင် ပြသထားသည့် စည်းမျဉ်းများအတိုင်းပေးအပ်မည် ဖြစ်သည်။
၄။ ဝန်ဆောင်မှု ပြောင်းလဲခြင်း
Nihongonomori Hattori သည် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဝန်ဆောင်မှုအကြောင်းအရာများကိုပေါင်းထည့်ခြင်း၊ ပြောင်းလဲခြင်း၊ ရပ်ဆိုင်းခြင်း သို့မဟုတ် အဆုံးသတ်ခြင်းများ ပြုလုပ်နိုင်သည်။
၅။ Nihongonomori Hattori ၏ အခွင့်အရေး
အပိုဒ် (၁)ဤဝန်ဆောင်မှုတွင် ပါဝင်သော အကြောင်းအရာ (Content) အားလုံး၏ ပိုင်ဆိုင်ခွင့်သည် Nihongonomori Hattori ထံတွင်သာ ရှိသည်။ဤဝန်ဆောင်မှုတွင် ပါဝင်သော အကြောင်းအရာနှင့် သတင်းအချက်အလက် အားလုံးကို ဂျပန်နိုင်ငံ၏ မူပိုင်ခွင့်ဥပဒေ (Copyright Law)၊ ကုန်အမှတ်တံဆိပ်ဥပဒေ (Trademark Law) နှင့် ဒီဇိုင်းမူပိုင်ခွင့်ဥပဒေ (Design Law) စသည်တို့ဖြင့် အကာအကွယ်ပေးထားသည်။
အပိုဒ် (၂)(ဆင့်ပွားအသုံးပြုခြင်းကို တားမြစ်ခြင်း)
ဝန်ဆောင်မှုကိုအသုံးပြုသူသည် အကြောင်းအရာ (Contents) များကို မိမိကိုယ်တိုင်၏ ကိုယ်ရေးကိုယ်တာ အသုံးပြုမှုအတွက်သာ အသုံးပြုရမည် ဖြစ်သည်။
အသုံးပြုသူသည် အကြောင်းအရာများကို ခွင့်ပြုချက်မရှိဘဲ Download ရယူခြင်း၊ မိတ္တူကူးခြင်း (Copying)၊ ပြုပြင်မွမ်းမံခြင်း (အခြားသော Social Network များတွင် ပြန်လည်တင်ခြင်း အပါအဝင်)၊ ရောင်းချခြင်း၊ လွှဲပြောင်းပေးခြင်း၊ ပြန်လည်ဖြန့်ဝေခြင်းနှင့် ငှားရမ်းခြင်း စသည့် ကိုယ်ရေးကိုယ်တာ အသုံးပြုမှုထက် ကျော်လွန်သောအသုံးပြုမှုများကို ပြုလုပ်ခွင့်မရှိပါ။ ဤစည်းကမ်းချက်များကို ဖောက်ဖျက်သူသည် တရားဥပဒေ (Civil Law) အရ ထိုသို့ဖောက်ဖျက်မှုကြောင့် ကုမ္ပဏီတွင် ဖြစ်ပေါ်လာသော နစ်နာမှုများအတွက် လျော်ကြေးပေးရန် တာဝန်ရှိသည်။
ထို့အပြင် အသုံးပြုသူသည် Nihongonomori Hattori မှ အသုံးပြုသူထံ ဖြန့်ဝေထားသော video ဓာတ်ပုံများ၊ Nihongonomori Hattori ၏ Logo နှင့် အသုံးပြုသူမှ ဤဝန်ဆောင်မှုမှတစ်ဆင့် ရရှိခဲ့သော အကြောင်းအရာ အားလုံးကို Search Engineများ သို့မဟုတ် အရောင်း/စျေးကွက်ကိရိယာများနှင့် ဆက်စပ်သော (Marketing Tools) များတွင် အသုံးပြုခြင်းကို တားမြစ်သည်။
၆။ တားမြစ်ချက်များ
အပိုဒ် (၁) (လွှဲပြောင်းပေးခြင်းကို တားမြစ်ခြင်း) ဤဝန်ဆောင်မှုကို အသုံးပြုခွင့်ရှိသူသည် ဤစည်းကမ်းချက်များ၏ “၂။ အသုံးပြုရန် မှတ်ပုံတင်ခြင်း” နှင့် “၃။ အခပေးဝန်ဆောင်မှုကို အသုံးပြုခြင်း” ပါ ပြဋ္ဌာန်းချက်များအတိုင်း Nihongonomori Hattori တွင် မှတ်ပုံတင်ထားသော အသုံးပြုသူကိုယ်တိုင်သာ ဖြစ်ရမည်။
အသုံးပြုသူသည် မည်သည့်အခြေအနေမျိုးတွင်မဆို ဤဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်သည့် ရပိုင်ခွင့်ကို Third person (အခြားသူ) ထံသို့ လွှဲပြောင်းပေးခြင်း၊ ရောင်းချခြင်း စသည့် လုပ်ရပ်များကို မပြုလုပ်ရပါ။
အပိုဒ် (၂) (အခြားသော တားမြစ်ချက်များ) Nihongonomori Hattori သည် အောက်ပါလုပ်ရပ်များကို တားမြစ်ချက်များအဖြစ် သတ်မှတ်ထားပြီးအသုံးပြုသူသည် ထိုလုပ်ရပ်များကို မပြုလုပ်ရန် သဘောတူညီရမည်။
• Nihongonomori Hattori (သို့)Nihongonomori Hattori ၏ ဝန်ထမ်းများ ပိုင်ဆိုင်သော မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် စသည့် ဉာဏပစ္စည်းဆိုင်ရာရပိုင်ခွင့်များကို ချိုးဖောက်ခြင်း သို့မဟုတ် ချိုးဖောက်နိုင်ခြေရှိသော လုပ်ရပ်များ။
• ဤစည်းကမ်းချက်များကို ဖောက်ဖျက်သော လုပ်ရပ်အားလုံး။
• Nihongonomori Hattori သို့မဟုတ် ဤဝန်ဆောင်မှုကို အသုံးပြုနေသော အခြားအသုံးပြုသူများအပေါ် အကြမ်းဖက်ခြင်း၊ ရိုင်းစိုင်းညစ်ညမ်းခြင်း၊ နစ်နာမှုဖြစ်စေခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်စေခြင်းဟု ယူဆရသော ပြောဆိုမှုနှင့် လုပ်ရပ်အားလုံး။
• ရာဇဝတ်မှုမြောက်သောလုပ်ရပ်၊ တရားမဝင်သောလုပ်ရပ် သို့မဟုတ် ထိုသို့ဖြစ်နိုင်ခြေရှိသော လုပ်ရပ်များ။
• Nihongonomori Hattori သို့မဟုတ် ဤဝန်ဆောင်မှု၏ စီမံခန့်ခွဲမှုနှင့် လည်ပတ်မှုကို နှောင့်ယှက်သောလုပ်ရပ် သို့မဟုတ် ထိုသို့ဖြစ်နိုင်ခြေရှိသော လုပ်ရပ်များ။
• Nihongonomori Hattori သို့မဟုတ် ဤဝန်ဆောင်မှု၏ ဂုဏ်သိက္ခာကို ထိခိုက်စေသောလုပ်ရပ် သို့မဟုတ် ထိုသို့ဖြစ်နိုင်ခြေရှိသော လုပ်ရပ်များ။
• အထက်ဖော်ပြပါ အချက်များကို အားပေးကူညီသည့် လုပ်ရပ်များ။
• အခြားNihongonomori Hattoriမှ မသင့်တော်ဟု ဆုံးဖြတ်သော အရာများ။
၇။ တာဝန်ယူမှု ကန့်သတ်ချက်
အပိုဒ် (၁) (လျော်ကြေးပေးရန် တာဝန်ယူမှု ကန့်သတ်ချက်) Nihongonomori Hattori သည် ဤဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် အသုံးပြုသူတွင် နစ်နာမှု (သို့မဟုတ်) ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါက မည်သည့် လျော်ကြေးပေးရန် တာဝန်မျိုးကိုမျှ ယူမည်မဟုတ်ပါ။
အပိုဒ် (၂) (စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်သော နစ်နာမှုများ) Nihongonomori Hattori သည် အသုံးပြုသူမှ ဤဝန်ဆောင်မှုကို အသုံးပြုနေစဉ် စနစ်အတွင်း ဖြစ်ပေါ်လာသော ချို့ယွင်းချက်၊ မှားယွင်းမှု (Error) နှင့် အနှောင့်အယှက်များကြောင့် အသုံးပြုသူမှ ဝန်ဆောင်မှုကို အသုံးမပြုနိုင်ခြင်းကြောင့် ဖြစ်ပေါ်လာရသော နစ်နာမှုများအတွက် လျော်ကြေးပေးရန် တာဝန်မရှိပါ။
၈။ ဤစည်းကမ်းချက်များကို ပြောင်းလဲခြင်း
အပိုဒ် (၁) (စည်းကမ်းချက်များကို ပြင်ဆင်ခြင်း) ဤစည်းကမ်းချက်များပါ အကြောင်းအရာများကို လိုအပ်ချက်အရ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဖြည့်စွက်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်ပါသည်။
အပိုဒ် (၂) (အသုံးပြုသူထံ အကြောင်းကြားခြင်း) Nihongonomori Hattori သည် ဤစည်းကမ်းချက်များအားလုံးကို အလုံးစုံ ပြင်ဆင်ပြောင်းလဲပါက အသုံးပြုသူများအားလုံးထံသို့ အီးမေးလ် (Email) မှတစ်ဆင့်သော်လည်းကောင်း၊ Official Website ပေါ်တွင်သော်လည်းကောင်း အကြောင်းကြားစာပေးပို့မည်ဖြစ်သည်။
စည်းကမ်းချက်များ၏ တစ်စိတ်တစ်ပိုင်းကိုသာ ပြင်ဆင်ခြင်းဖြစ်ပါက အသုံးပြုသူထံသို့ အကြိမ်တိုင်း အကြောင်းကြားမည်မဟုတ်ပါ။ ဝန်ဆောင်မှုကို အသုံးပြုသည့်အခါတိုင်း အမြဲတမ်း နောက်ဆုံးထွက်ရှိထားသော အသုံးပြုမှုစည်းကမ်းချက်များကို ကိုးကားစစ်ဆေးပေးပါရန်။
အပိုဒ် (၃) (ပြင်ဆင်ပြီးနောက် ဝန်ဆောင်မှုကို ဆက်လက်အသုံးပြုခြင်း) ဤစည်းကမ်းချက်များကို ပြောင်းလဲပြီးနောက်တွင် အသုံးပြုသူသည် အခမဲ့ သို့မဟုတ် အခပေး ဝန်ဆောင်မှုအားလုံးကို ဆက်လက်အသုံးပြုပါက ထိုအသုံးပြုသူသည် ပြင်ဆင်လိုက်သော စည်းကမ်းချက်အသစ်များကို သဘောတူလက်ခံပြီးဖြစ်သည်ဟု မှတ်ယူမည်ဖြစ်သည်။
၉။ ကျင့်သုံးမည့်ဥပဒေ
ဤစည်းကမ်းချက်များသည် ဂျပန်နိုင်ငံ၏ ဥပဒေများကို အခြေခံထားပြီး၊ ဂျပန်နိုင်ငံ၏ ဥပဒေများနှင့်အညီ အနက်အဓိပ္ပာယ်ဖွင့်ဆို ဆောင်ရွက်သွားမည်ဖြစ်သည်။
利用規約
この利用規約(以下、「本規約」といいます)は、Nihongonomori Hattori Co., Ltd.(以下、「Nihongonomori Hattori」といいます)がインターネット上で提供するネット講議(以下、「公式サイト」といいます)の利用条件を定めるものです。
公式サイトのサービス(以下、「本サービス」といいます)を利用する登録ユーザーの皆さん(以下、「ユーザー」といいます)は、本規約にしたがって、サービスを利用することができます。
また、ユーザーが本規約の「第2章 利用登録」の定めにしたがって本サービスに利用登録をすることにより、ユーザーは本規約の条項に同意したものとみなされます。
1.適用
第1条 (適用の範囲)
本規約は、Nihongonomori Hattoriが提供する月額または年額のサービスへのユーザーの登録の有無にかかわらず、
Nihongonomori Hattoriとすべてのユーザーとの間のサービスの利用にかかわるすべての関係に適用されるものとします。
第2条 (個別規定)
Nihongonomori Hattoriは、本サービスに関して、本規約のほかにも、利用にあたってのルールなど、各種の定め(以下、「個別規定」といいます)をすることがあります。
これらの個別規定は、本規約の一部を構成するものとします。
第3条 (本規約と個別規定の関係)
本規約の規定が前項の個別規定の規定と矛盾する場合、個別規定の規定が優先されるものとします。
2.利用登録
第1条 (利用登録)
本サービスに登録を希望するユーザーは、本規約に同意の上、
Nihongonomori Hattoriの定めた登録画面に従って、メールアドレスなどの登録情報を登録することによって、利用登録が完了するものとします。
ユーザーがNihongonomori Hattoriに利用登録をした時点で、ユーザーは本規約の内容に同意したものとみなされます。
なお、ユーザーがNihongonomori Hattoriに利用登録を行う際、Nihongonomori Hattoriに提供するユーザーの個人情報については
Nihongonomori Hattoriが定める「個人情報保護方針」にしたがって、適切に取り扱うものとします。
3. 有料サービスの利用
第1条(有料サービス)
Nihongonomori Hattoriはユーザーに対して、公式サイト上にて、購入により利用できる買い切り型の有料サービス(以下、「有料サービス」といいます)を提供します。
ユーザーは、購入手続きを完了した時点で、当該サービスを利用する権利を取得するものとします。
第2条(利用料金)
有料サービスの利用料金は、以下のとおりとします。
1年間利用プラン:150,000 MMK
6か月間利用プラン:80,000 MMK
3か月間利用プラン:50,000 MMK
ユーザーは、利用を希望するプランを選択し、Nihongonomori Hattoriが指定する方法により、該当する利用料金を支払うものとします。
なお、本規約における通貨表記「MMK」とは、ミャンマー連邦共和国の法定通貨であるミャンマーチャットを指すものとします。
第3条(利用期間)
有料サービスの利用期間は、ユーザーが購入時に選択したプランに応じて、以下の期間とします。
1年間利用プラン:購入日から1年間
6か月間利用プラン:購入日から6か月間
3か月間利用プラン:購入日から3か月間
利用期間が満了した場合、当該サービスの利用権は終了するものとし、引き続き利用を希望する場合には、ユーザーは新たに有料サービスを購入するものとします。
第4条(有料サービスの購入方法)
有料サービスの利用を希望するユーザーは、Nihongonomori Hattoriの定める方法に従い、所定の購入手続きを行い、利用料金の支払いを完了することによって、有料サービスの利用権を取得するものとします。
なお、有料サービスの購入時にユーザーがNihongonomori Hattoriに提供した個人情報については、Nihongonomori Hattoriが定める「個人情報保護方針」に従い、適切に取り扱うものとします。
第5条(解約および返金)
ユーザーの都合による購入後のキャンセル、途中解約、返金、または利用料金の払い戻しについては、理由の如何を問わず、原則としてこれを受け付けないものとします。
第6条(決済トラブル時の返金)
ユーザーが有料サービスの購入に際して利用した決済システムにおいて、
システム障害、エラー、不具合等により、同一サービスについて重複して請求が行われた場合、Nihongonomori Hattoriは当該重複分についてのみ返金を行います。
ただし、決済事業者により発生する手数料については、当該決済事業者の規定に従うものとします。
第7条(有料サービスの内容変更)
Nihongonomori Hattoriは、ユーザーへの事前通知なく、有料サービスの内容、提供方法、利用条件および価格を変更することができるものとします。
ただし、すでに購入済みの有料サービスについては、当該購入時点で公式サイト上に表示されていた条件に基づいて提供されるものとします。
4.サービスの変更等
Nihongonomori Hattoriは、Nihongonomori Hattoriの都合により、
ユーザーへの予告なく、任意の理由によってサービスの内容を追加・変更・中断・終了することができるものとします。
5.Nihongonomori Hattoriの権利
第1条 (Nihongonomori Hattoriの権利)
本サービスにふくまれるすべてのコンテンツ・情報に関する財産権はNihongonomori Hattoriに帰属します。
本サービスにふくまれるすべてのコンテンツ・情報は、日本の著作権法・商標法・意匠法などにより保護されています。
第2条 (二次利用の禁止)
本サービスを利用するユーザーは、ユーザー本人自身の個人的な使用に限りコンテンツを利用できるものとします。会員が無断でコンテンツをダウンロード、複製、改変すること(他のSNSへの投稿における事実上の転載も含む)、および販売、譲渡、再配布、貸与等、個人的使用を超えて利用することはできません。本規約に違反した当事者は、民法の規定に従い、当該違反によって当社に生じた損害を賠償する責任を負うものとします。
また、Nihongonomori Hattoriがユーザーに対して配布する画像、Nihongonomori Hattoriのロゴ、その他ユーザーが本サービスを通して得たすべてのコンテンツを
ユーザーが検索エンジンやその他の従来のマーケティング手法に関連するマーケティングツールに使用することを禁止します。
6.禁止行為
第1条 (譲渡の禁止)
本サービスを利用できる者は、
本規約「2.利用登録」「3.有料サービスの利用」の定めにしたがい、
Nihongonomori Hattoriに登録をしたユーザー本人のみとします。
ユーザーは、いかなる場合においても、本サービスの提供を受ける権利を第三者に譲渡したり、売買などの行為を行うことができないものとします。
第2条 (その他の禁止事項)
Nihongonomori Hattoriは下記の行為を禁止事項として定め、ユーザーはこれを行わないこととします。
・Nihongonomori Hattori、またはNihongonomori Hattoriの従業員の保有する
著作権・商標権などの知的財産権を侵害する行為、または侵害する恐れのある行為
・本規約に違反するすべての行為
・Nihongonomori Hattori、もしくは本サービスを利用するほかのユーザーへの
暴力的・猥褻・不利益を与える・気分を害すると認められるすべての発言および行為
・犯罪的行為、不法行為、またはそのおそれのある行為
・Nihongonomori Hattori、もしくは本サービスの管理・運営を妨げる行為、またはその恐れのある行為
・Nihongonomori Hattori、または本サービスの信用を毀損する行為、またはそのおそれのある行為
・上記、各号に定める行為を助長する行為
・その他、Nihongonomori Hattoriが不適当と判断すること
第3条 利用制限
Nihongonomori Hattoriは、ユーザーが本項「第1条 (譲渡の禁止)」「第2条 (その他の禁止事項)」のいずれかに該当する行為を行ったと認められた場合、
当該ユーザーの承諾を得ることなく、当該ユーザーによる本サービスの利用を制限します。
7.免責
第1条 (賠償責任)
Nihongonomori Hattoriは、本サービスの利用により発生したユーザーに損害が発生した場合、一切の賠償責任を負わないものとします。
第2条 (システムの不具合による損害)
Nihongonomori Hattoriは、ユーザーが本サービスを利用する際にシステムに発生した不具合・エラー・障害などにより、
ユーザーが本サービスを利用できないことによって引き起こされた損害について、一切の賠償責任を負わないものとします。
8.本規約の変更
第1条 (本規約の改正)
本規約の内容は、必要に応じて全部または一部を加筆・修正する場合があります。
第2条 (ユーザーへの通知)
Nihongonomori Hattoriが本規約の全部を改訂した場合、
Nihongonomori Hattoriはすべてのユーザーに対して、メールまたは公式サイト上で通知を送信します。
Nihongonomori Hattoriが本規約の一部を改訂した場合については、都度ユーザーへの通知を行いません。
サービスを利用する際には、常に最新の利用規約を必ず参照してください。
第3条 (本規約の改訂後の利用について)
本規約の変更後、
ユーザーが無料・有料のすべてのサービスを利用した場合、
ユーザーが改訂後の本規約の内容に同意したものとみなされます。
9.準拠法
本規約は、日本の法律に準拠し、日本の法律にしたがって解釈されるものとします。