個人情報保護方針 ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ မူဝါဒ

個人情報保護方針 ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ မူဝါဒ

ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ မူဝါဒ
Nihongonomori Hattori Co., Ltd. (ယင်းနောက်တွင် “Nihongonomori Hattori” ဟု ခေါ်ဆိုမည်) သည် Nihongonomori Hattori မှ ရယူထားသော ကိုယ်ရေးအချက်အလက်များကို ကိုင်တွယ်ရာတွင် ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဆိုင်ရာ ဥပဒေများ၊ လမ်းညွှန်ချက်များနှင့် သက်ဆိုင်ရာ ဥပဒေစည်းမျဉ်းများကို လိုက်နာဆောင်ရွက်ပါမည်။
ဤမူဝါဒတွင် ဖော်ပြထားသော အကြောင်းအရာအားလုံးသည် ဂျပန်နိုင်ငံ၏ ဥပဒေများအပေါ် အခြေခံပြီး ဂျပန်နိုင်ငံ ဥပဒေများနှင့်အညီ အဓိပ္ပာယ်ဖွင့်ဆိုပါမည်။

၁။ ကိုယ်ရေးအချက်အလက်များကို ကိုင်တွယ်ခြင်း
အပိုဒ် (၁) (အဓိပ္ပာယ်ဖွင့်ဆိုချက်) ဤမူဝါဒတွင် “ကိုယ်ရေးအချက်အလက်” ဆိုသည်မှာ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ Email လိပ်စာနှင့် အခြား သတ်မှတ်ထားသော လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ခွဲခြားသိရှိနိုင်သော အချက်အလက်များကို ဆိုလိုသည်။

အပိုဒ် (၂) (ကိုယ်ရေးအချက်အလက်များ ရယူခြင်း) Nihongonomori Hattori သည် အောက်ပါရည်ရွယ်ချက်များအတွက် အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များကို ရယူပါမည်။
Nihongonomori Hattori မှ စီမံခန့်ခွဲသော အွန်လိုင်းသင်တန်း Website (ယင်းနောက်တွင် “Official Website” ဟု ခေါ်ဆိုမည်) တွင် မှတ်ပုံတင်ခြင်း
Nihongonomori Hattori မှ ပေးအပ်သော ဝန်ဆောင်မှုများကို အသုံးပြုခြင်းနှင့် ဝယ်ယူခြင်း
အခြား ဝန်ဆောင်မှုပေးခြင်းနှင့် ဆက်စပ်သော လုပ်ငန်းများကို လုပ်ဆောင်ခြင်း

အပိုဒ် (၃) (အသုံးပြုရသည့် ရည်ရွယ်ချက်) Nihongonomori Hattori သည် ရရှိလာသော ကိုယ်ရေးအချက်အလက်များကို အောက်ပါရည်ရွယ်ချက်များအတွက်သာ အသုံးပြုပါမည်။
Official Website ကို လည်ပတ်ခြင်းနှင့် စီမံခန့်ခွဲခြင်း
ကုန်ပစ္စည်းများ ပို့ဆောင်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်း၊ အရောင်းအဝယ်များကို စီမံခြင်း
ဝန်ဆောင်မှုများ၏ အရည်အသွေးကို မြှင့်တင်ခြင်း
ဝန်ဆောင်မှုအသစ်များနှင့် ပရိုမိုးရှင်းများကို အသိပေးခြင်း
အသုံးပြုသူများ၏ မေးမြန်းချက်များကို ဖြေကြားခြင်းနှင့် အချက်အလက်များကို စီမံခြင်း
ငွေပေးချေမှုတွင် ပြဿနာရှိပါက လူပုဂ္ဂိုလ်အတည်ပြုခြင်းနှင့် ဖြေရှင်းခြင်း
ဝန်ထမ်းအလုပ်လျှောက်ထားသူများကို ဆက်သွယ်ခြင်းနှင့် လူတွေ့စစ်ဆေးခြင်း

၂။ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ခြင်း
အပိုဒ် (၁) (သိမ်းဆည်းထားမည့် ကာလ) Nihongonomori Hattori သည် ဥပဒေအရ သတ်မှတ်ထားသော ကာလ သို့မဟုတ် ဝန်ဆောင်မှုပေးရန် လိုအပ်သော ကာလအထိသာ ကိုယ်ရေးအချက်အလက်များကို သိမ်းဆည်းထားပါမည်။
အပိုဒ် (၂) (ကိုယ်ရေးအချက်အလက်ဆိုင်ရာ တောင်းဆိုမှုများ) အသုံးပြုသူကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်သည် အောက်ပါတို့ကို တောင်းဆိုနိုင်သည်။
ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်ကြည့်ရှုခြင်း
ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း

အသုံးပြုမှုကို ရပ်ဆိုင်းခြင်း
အသုံးပြုရသည့် ရည်ရွယ်ချက်ကို အကြောင်းကြားပေးရန် တောင်းဆိုခြင်း
တောင်းဆိုလိုပါက Telegram (@hattori_smm) သို့မဟုတ် nihongonomorihattori@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။

၃။ Third person သို့ ထုတ်ဖော်ခြင်း
အပိုဒ် (၁) (Third person သို့ ပေးပို့ခြင်း) Nihongonomori Hattori သည် ကိုယ်ရေးအချက်အလက်များကို စနစ်တကျ စီမံမည်ဖြစ်ပြီး အောက်ပါအခြေအနေများမှလွဲ၍ Third personသို့ ထုတ်ဖော်ပြောကြားမည်မဟုတ်ပါ။
အသုံးပြုသူ၏ သဘောတူညီချက် ရှိပါက
ဥပဒေအရ ထုတ်ဖော်ပြောကြားရန်တောင်းဆိုလာသောအခါ
လူ့အသက်၊ ခန္ဓာကိုယ် သို့မဟုတ် ပိုင်ဆိုင်မှုကို ကာကွယ်ရန် လိုအပ်ချိန်တွင် အသုံးပြုသူ၏ သဘောတူညီချက် ရယူရန် အခက်အခဲရှိသောအခါ
ပြည်ထောင်စုအစိုးရ သို့မဟုတ် နေပြည်တော်/တိုင်းဒေသကြီး/မြို့နယ် စသည်ဖြင့် အစိုးရအဖွဲ့အစည်းများ၏ လုပ်ငန်းစီမံစဉ်တွင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး အသုံးပြုသူ၏ သဘောတူညီချက် ရယူခြင်းဖြင့် အခက်အခဲအနှောင့်အယှက် ဖြစ်ပေါ်နိုင်သော အခြေအနေများတွင်

အပိုဒ် (၂) (ကိုယ်ရေးအချက်အလက်များ ရောင်းချခြင်းကို တားမြစ်ခြင်းနှင့် Franchise ရုံးချုပ်သို့ ပေးပို့ခြင်း)
Nihongonomori Hattori သည် အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များကို ရောင်းချခြင်း လုံးဝပြုလုပ်မည်မဟုတ်ပါ။ သို့သော်လည်း ဂျပန်နိုင်ငံရှိ “Nihongonomori Co., Ltd.” ၏ Franchise လုပ်ငန်းဖြစ်သောကြောင့် ဝန်ဆောင်မှုပေးအပ်မှု၊ စီမံခန့်ခွဲမှု၊ အရည်အသွေး တိုးမြှင့်ခြင်း၊ အသုံးပြုသူအထောက်အပံ့ စသည့် ရည်ရွယ်ချက်အတွင်း လိုအပ်သည့် အခြေအနေများတွင်သာ “Nihongonomori Co., Ltd.” ရုံးချုပ်သို့ အသုံးပြုသူ၏ ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်ကို ထုတ်ဖော်ပေးအပ်ခြင်းမျိုး ရှိနိုင်ပါသည်။
ထိုသို့ ပြုလုပ်ရမည့်အချိန်တွင်လည်း Nihongonomori Hattori သည် ယခု မူဝါဒများနှင့်အညီကိုယ်ရေးကိုယ်တာသတင်းအချက်အလက်ကို သင့်တင့်စွာစီမံခန့်ခွဲပြီး လုံလောက်သည့် လုံခြုံရေးလုပ်ဆောင်ချက်များကိုပြုလုပ်သွားမည်ဖြစ်ပါသည်။

個人情報保護方針
Nihongonomori Hattori Co., Ltd.(以下「Nihongonomori Hattori」といいます。)は、Nihongonomori Hattoriが取得した個人情報の取扱いに関し、個人情報の保護に関する法律、個人情報保護に関する指針、その他個人情報保護に関する関係法令を遵守します。
なお、この個人情報保護方針(以下、「本方針」といいます)に定める内容は、すべて日本の法令に準拠し、日本の法律に従って解釈されるものとします。

1. 個人情報の取り扱い
第1条(定義)
本方針において、「個人情報」とは、その情報に関連する特定の個人を識別できる氏名、住所、電話番号、メールアドレスその他これらに準ずる個人に関する情報をいいます。

第2条(個人情報の取得)
Nihongonomori Hattoriは、以下の目的のために、ユーザーの個人情報を取得します。
・Nihongonomori Hattoriが管理するインターネットによるネット講義サイト(以下、「公式サイト」といいます)への登録
・Nihongonomori Hattoriが提供・販売する各種サービスの利用および購入
・その他、サービス提供に付随する業務の遂行

第3条(個人情報の利用目的)
Nihongonomori Hattoriは、取得した個人情報を、法令に基づく場合または本人の同意がある場合を除き、以下の目的の範囲内でのみ利用します。
【利用目的】
・公式サイトの運営、維持および管理
・商品の発送およびユーザーから依頼を受けたサービスの提供ならびに取引管理
・提供サービスの改善および品質向上
・新サービス・キャンペーン等の案内
・ユーザーからの問い合わせ対応および情報管理
・公式サイトまたは決済時に問題が発生した場合の本人確認およびトラブル解決
・採用応募者への連絡、面接、選考および採用管理業務

2. 個人情報の保護
第1条(個人情報の保管期間)
Nihongonomori Hattoriは、法令で定められた期間、またはサービス提供の目的を達成するために必要な期間に限り、ユーザーの個人情報を保管および利用します。

第2条(個人情報に関する請求)
ユーザー本人またはその代理人は、Nihongonomori Hattoriの定める手続きに従い、以下の請求を行うことができます。
・個人情報の開示
・内容の訂正、追加または削除
・利用の停止または消去
・利用目的の通知
これらの請求を希望する場合は、Nihongonomori HattoriのTelegram(@hattori_smm)または
nihongonomorihattori@gmail.com までご連絡ください。

3. 第三者への個人情報の開示
第1条(個人情報の第三者提供)
Nihongonomori Hattoriは、取得した個人情報を適切に管理し、次の場合を除き、第三者に対して提供または開示することはありません。
・ユーザー本人の同意がある場合
・法令に基づき開示または提供を求められた場合
・人の生命、身体または財産の保護のために必要であり、本人の同意を得ることが困難な場合
・国または地方公共団体等の公的機関の事務遂行に協力する必要があり、本人の同意取得により支障が生じるおそれがある場合

第2条(個人情報の販売の禁止およびフランチャイズ本部への提供)
Nihongonomori Hattoriは、製品またはサービスの販売を目的として、ユーザーの個人情報を第三者に販売、提供または開示することはありません。
ただし、Nihongonomori Hattoriが日本に所在する「日本語の森株式会社」のフランチャイズ企業であることに鑑み、
サービスの提供、運営管理、品質向上、サポート対応等の目的の範囲内において、必要な場合に限り、日本語の森株式会社に対してユーザーの個人情報を開示または提供することがあります。
この場合においても、Nihongonomori Hattoriは本方針に従い、個人情報を適切に管理し、十分な安全対策を講じるものとします。

Scroll to top